မြင်းခြံဗဟိုအကျဉ်းထောင်၌  မီးဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

မြင်းခြံ  မတ်  ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် မြင်းခြံဗဟိုအကျဉ်းထောင်၌ မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းနှင့်  မီးဘေးလုံခြုံရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြင်းခြံခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သက်လှိုင်က မီးဘေးအန္တရာယ် အသိပညာပေးဆိုင်ရာများဟောပြောကာ မြင်းခြံဗဟို အကျဉ်း ထောင်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် မြင်းခြံခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမင်းအောင်၊ မြင်းခြံဗဟိုအကျဉ်းထောင်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုနှင့် တပ်ဖွဲ့ဝင်မိသားစုများ စုစုပေါင်း(၁၀၀) ဦးခန့်တက်ရောက် ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်