ချမ်းအေးသာစံ မတ် ၁၁
၂၀၂၄ ခုနှစ် မတ်လ ၁၁ရက်နေ့တွင် စတင်ကျးပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီး၌ စာစစ်ဌာန ၇၄ ခုတွင် ၂၀၂၄ မြန်မာစာဘာသာရပ်အား ကျင်းပစစ်ဆေးခဲ့ရာ ကျောင်းသားကျောင်းသူ (၁၉၄၄၂)ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း၌ စာစစ်ဌာန (၇၄)ခုတွင် စာရင်းရှိ ကျောင်းသား ၈၃၉၇ ဦး၊ ကျောင်းသူ ၁၁၈၁၉ ဦး၊ ဖြေဆိုရန် စာရင်း ၂၀၂၁၆ ဦးရှိရာ ဖြေဆိုသူ ကျောင်းသား ၈၀၂၈ ဦး ကျောင်းသူ ၁၁၄၁၄ ဦး စုစုပေါင်း ၁၉၄၄၂ ဦး ဖြေဆိုခဲ့ပြီး ကျောင်းသား ၃၆၉ ဦး၊ ကျောင်းသူ ၄၀၅ ဦး စုစုပေါင်း ၇၇၄ ဦး ပျက်ကွက်ခဲ့ကာ ဖြေဆိုရာခိုင်နှုန်း ၉၆.၁၇ ဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲအား တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း ကြီးကြပ်မှုဖြင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာဖြေဌာနအလိုက် ကြီးကြပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး စာဖြေကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုခဲ့ကြသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၂ ရက်နေ့တွင် အင်္ဂလိပ်စာ ဘာသာ၊ မတ်လ ၁၃ ရက်နေ့တွင် သင်္ချာဘာသာ၊ မတ်လ ၁၄ ရက်နေ့တွင် ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာ၊ မတ်လ ၁၅ ရက်နေ့တွင် ရူပဗေဒနှင့် သမိုင်းဘာသာ၊ မတ်လ ၁၆ ရက်နေ့တွင် ဇီဝဗေဒနှင့် ဘောဂ ဗေဒ ဘာသာ၊ မတ်လ ၁၈ ရက်နေ့တွင် လူမှုရေးသိပ္ပံဘာသာ၊ မတ်လ ၁၉ ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာများအား ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်