စမ်းချောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

စမ်းချောင်း မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စမ်းချောင်းမြို့နယ် ကျွန်းတော‌(တောင်) ရပ်ကွက်၊ အမှတ် () အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ ကျောင်းသား/ ကျောင်းသူ (၁၀၈) ဦး ၀င်ရောက်ဖြေဆိုကြကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ရှိရင်းဖြေဆိုမည့် ကျောင်းသား / ကျောင်းသူပေါင်း (၁၂၃) ဦးရှိရာ လာရောက်မဖြေဆိုသည့် ကျောင်းသား / ကျောင်းသူ (၁၅) ဦး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၈) ဦး ရှိသဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း (၈၇.၈၀) ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စမ်းချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်

ဖြူသွယ်ထွန်း (ပြန်/ဆက်)