လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်နှင့် တိုက်နယ်အဆင့်ကျေးရွာများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်
Feb 20,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေနှင့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၊ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ လျှပ်စစ်မီးနှင့် ထင်းမီးများကို စနစ်တကျသုံးစွဲစေရေး၊ မီးသတ်ဆေးဘူးများထားရှိစေ၍ အသုံးပြုမှု မှန်ကန်စေရေးတို့အတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။