သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး
Feb 21,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ တွေ့ဆုံခဲ့သည်။
လားရှိုးမြို့ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်
Feb 21,2024
လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်လုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံဖြိုးရေးသင်တန်းကျောင်း (ပင်လုံ) ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ပေါက်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Feb 21,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆိပ်ဖြူမြို့နယ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Feb 21,2024
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စာလစာငွေ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနက ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုလုပ်ငန်းများ ယမန်နေ့နံနက်က ဆောင်ရွက်ပေးသည်။
အောင်လံမြို့၌ ဆေးနှင့် ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Feb 21,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့မဈေးကြီးနှင့် ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဘိုးဘွားရိပ်သာအား ကွင်းဆင်းစစ်ဆေး
Feb 21,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရွာထောင်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာအား မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှု၏ ဦးဆောင်မှုဖြင့် ဒုတိယဦးစီးမှူး ဦးနေဖြိုးဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 21,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပင်မဆောင်အနီး မြေကွက်လပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။