အောင်လံ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့မဈေးကြီးနှင့် ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်မှူးတို့ ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိစေရေးအတွက် ဆေးဆိုင်များသို့ ကွင်းဆင်းပြီး ၎င်းဈေးများအပေါ် ဝယ်ဈေး/ရောင်းဈေးတို့ကို မူရင်းဘောက်ချာနှင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)