အောင်လံ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရွာထောင်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာအား မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှု၏ ဦးဆောင်မှုဖြင့် ဒုတိယဦးစီးမှူး ဦးနေဖြိုးဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနေဖြိုးဝင်းက မီးလောင်မှု၊ မီးလှန့်မှုများ မဖြစ်ပွားစေရန်အတွက် သွယ်တန်းထားသော ဝါယာကြိုးများခိုင်ခန့်မှု ရှိ/မရှိနှင့် ထမင်းနှင့်ဟင်းများ ချက်ပြုတ်လျက်ရှိသော မီးခန်းအားကြည့်ရှုစစ်ဆေးခြင်းနှင့် လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်နှင့် မီးသတ်ဆေးဘူးအသုံးပြုနည်းများကို ရှင်းလင်းပြောကြားပြီး 3KG DCP မီးသတ်ဆေးဘူး(၁)ဘူး လှူဒါန်းကာ လစဉ်မပျက်တစ်ရက်စာ အာဟာရဒါနများလည်း လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)