ဆိပ်ဖြူမြို့နယ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ဆိပ်ဖြူ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စာလစာငွေ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနက ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုလုပ်ငန်းများ ယမန်နေ့နံနက်က ဆောင်ရွက်ပေးသည်။

ဆိပ်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စာလစာကို အငြိမ်းစားနိုင်ငံဝန်ထမ်း (၁၄၁၇) ဦးလစဉ်ပုံမှန်ထုတ်ပေးလျက်ရှိပြီး ထိုသို့ ပင်စင်လစာငွေ လာရောက်ထုတ်ယူကြသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ကြည်နှင့် ကျန်မာရေးဝန်ထမ်းများက နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါများနှင့် အခြားသောရောဂါလက္ခဏာများ စစ်ဆေးပေးခြင်း ဆောင်ရွက်ပေးပြီး ရောဂါအလိုက် စားသောက်ရန်ဆေးဝါများ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးအသိပညာများ ရှင်းလင်းပြောကြားပေးခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြောကြားခဲ့ကြောင်းသိရှိရသည်။

ကိုဇွဲ(အညာမြေ)