ရန်ကုန် ဖေဖော်ဝါရီ ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပင်မဆောင်အနီး မြေကွက်လပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးသည်။ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူအဖွဲ့(၈)ဖွဲ့ ပျော်ရွှင်တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော အဖွဲ့များကို ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စည်သူမောင်မောင်(ပြန်/ဆက်)