သတင်းများ

တံတားဦးခရိုင် စာစစ်ဌာန(၂)ခုတွင်  တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယနေ့ အင်္ဂလိပ်ဘာသာကို ကျောင်းသား/သူပေါင်း(၅၁၈)ဦး ဖြေဆို
Mar 12,2024
တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ဘာသာကို ကျောင်းသား/သူ စုစုပေါင်း(၅၁၈)ဦးမှ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း တံတားဦးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
မင်းလှမြို့တွင် သုတစုံလင်ဗုဒ္ဓဝင် ဓမ္မကျောင်းသင်တန်း ဖွင့်လှစ်ပို့ချ
Mar 12,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အမှတ်(၇)ရပ် ကွက်၊ ဗိုလ်ရုံတန်းလမ်း၊ ဇေယျာမဂ္ဂကျောင်းတိုက်တွင် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ပြိုင်ပွဲဝင်ရောက်ဖြေဆိုရန်အတွက် သုတစုံလင်ဗုဒ္ဓဝင် ဓမ္မကျောင်း သင်တန်းကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို
Mar 12,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို
Mar 12,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ကျောင်းသူ၊ကျောင်းသား (၃၅၃)ဦး ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာကို ကျောင်းသား/သူများ ဖြေဆို
Mar 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာကို ယနေ့နံနက်ပိုင်းက အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို
Mar 12,2024
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခြင်းကို မတ်လ ၁၁ရက်နေ့မှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ကရသူရိမြို့မှ ကျောင်းသား/သူ(၁၂)ဦး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဘုတ်ပြင်း (အ.ထ.က)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆို
Mar 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၁၂)ဦးသည်၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဘုတ်ပြင်း(အ.ထ.က) စာစစ်ဌာနတွင် ယမန်နေ့မှ စ၍ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲများ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပြည်နယ်ပညာရေးမှူးတို့လိုက်လံကြည့်ရှုအားပေး
Mar 12,2024
လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့အဖြစ် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။