ပင်လုံ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံဖြိုးရေးသင်တန်းကျောင်း (ပင်လုံ) ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးကံစောလှိုင်မှ သင်တန်းအဖွင့်အမှာစကားပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ၊သင်တန်းကာလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝေါဟာရများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝေါဟာရများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစက်ဝန်း၊ ထိခိုက်ခံရလွယ်မှုထိတွေ့နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတို့၏ တက်ရောက်မှု၊ ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ လူမူဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်အကြောင်း၊ ကြိုတင်ကာကွယ်ရေးနှင့် ဘေးလျော့ပါးရေး၊ ပြန်လည်ထူထောင်ရေးစသည့်သင်ခန်းစာအကြောင်းအရာများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတို့မှ အသီးသီးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုအခမ်းအနားသို့ မြို့နယ်အဆင့်/မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ရပ်/ကျေးစာရေးများနှင့် ပရဟိတအသင်းအဖွဲ့များ တက်ရောက်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၃၀) ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)