သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Feb 20,2024
မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ ကြုံတွေ့လာလျှင် ထိရောက်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းလမ်းများ၊ အတွေ့အကြုံကောင်းများကို ပေါင်းစပ်ပြီး စနစ်တကျ စီမံဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
မိုးနဲမြို့နယ်၌ ပြည်တွင်း/ပ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ဂုဏ်ပြုပွဲနှင့် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာအောင်သံဃာတော်များအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Feb 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက် ဆုတောင်းပြည့်ကျောင်းတိုက် စုရပ်နေရာ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ပြည်တွင်း/ပဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ဂုဏ်ပြုပွဲနှင့် ရှမ်းပြည်နယ်လုံးဆိုင်ရာ (၄၀)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ(၂၀၂၂-၂၀၂၃) စာအောင်သံဃာတော်များအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံနေမှုအား ကြည့်ရှုစစ်ဆေး
Feb 20,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ပြည်သူများအား Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံနေမှုအား အားပေးကြည့်ရှုရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ မြင့်ကျော်က ယခုဆေးသည်ဂျာမဏီနိုင်ငံထုတ်ဆေးဖြစ်ပါကြောင်း၊
မိတ္ထီလာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပ
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မေတ္တာမြို့တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် (191)  စတေကာကပ်နှိပ်ခြင်းနှင့် မီး‌ဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 20,2024
ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ နယ်မြေ မီးသတ်စခန်းမှ မီးသတ်တာဝန်ခံတပ်ကြပ်ကြီး ဦးထွန်းညီညီ‌အောင် ဦးဆောင်သောသန္ဓေတပ်ဖွဲ့ ဝင်များသည် ယနေ့နံနက် ၇ နာရီအချိန်က  မေတ္တာ-ထားဝယ်၊ ထီးခီးကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လက်ဘက်ရည်ဆိုင်များနှင့် လူစည်ကားရာနေရာများတွင်    (191) စတေကာကပ်နှိပ်ခြင်းနှင့် မီးဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၀၅ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ  ထုတ်ချေး
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၀၅ ဦးအား မြစိမ်း ရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများ ဆွေးနွေး
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့်အဖွဲ့ဝင်များ၊ တက္ကသိုလ်/ နည်းပညာသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ စက်ရုံ/အလုပ်ရုံမှ တာဝန်ရှိသူများ စုစုပေါင်းလူဦးရေ (၃၁၅) တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးနည်းပညာတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်
Feb 20,2024
မန္တလေးနည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ပုသိမ်ကြီးမြို့နယ်ရှိမန္တလေးနည်းပညာတက္ကသိုလ်စုဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးနည်းပညာတက္ကသိုလ် တာဝန်ခံဒုတိယပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။