မိုးနဲမြို့နယ်၌ ပြည်တွင်း/ပ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ဂုဏ်ပြုပွဲနှင့် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာအောင်သံဃာတော်များအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မိုးနဲ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက် ဆုတောင်းပြည့်ကျောင်းတိုက် စုရပ်နေရာ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ပြည်တွင်း/ပဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ဂုဏ်ပြုပွဲနှင့် ရှမ်းပြည်နယ်လုံးဆိုင်ရာ (၄၀)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ(၂၀၂၂-၂၀၂၃) စာအောင်သံဃာတော်များအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဂန္ဓမာက ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာအောင်သံဃာတော်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် နမောတဿ()ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များမှ ပရိတ်တရားချီးမြှင့်ခြင်း၊ မြို့နယ်သြဝါဒါစာရိယဆရာတော် (သဒ္ဓမ္မဇောတိကဓဇ)ဘဒ္ဒန္တမာဃိန္ဒမှ သြဝါဒကထာတို့အား မြွတ်ကြားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်တွင်း/ပ ဘွဲ့ရဆရာတော်များ၏ တစ်ပါးချင်းဆီအလိုက် အတ္ထုပ္ပတ္တိများကို ဆရာတော် ဦးသီလဝံသက မြန်မာဘာသာဖြင့်လည်းကောင်း၊ ဆရာတော် ဦးသြဘာသက ရှမ်းဘာသာဖြင့်လည်းကောင်း ဖတ်ကြားပေးခြင်းနှင့် ဂုဏ်ပြုလက်မှတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့်တကွ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး ဘွဲ့ရဆရာတော်များမှ ဝမ်းမြောက်စကားများ ပြောကြားပေးခဲ့သည်။

အဆိုပါ ဆရာတော်များ ဝမ်းမြောက်စကားပြောကြားပြီးချိန်တွင် ဆွမ်းအလှူရှင်များအား အနုမောဒနာ ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ ဝေယျာဝစ္စအဖွဲ့များအား ဆုချခြင်းတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ သာသနာရေးဆိုင်ရာလျှောက်ထားခြင်း၊ မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဦးတိုးလှမှ လျှောက်ထားခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေကာ ဆရာတော်များအား ပြန်လည်ကန်တော့၍ ဗုဒ္ဓသာသနံ စိရံတိဌတု ()ကြိမ်ရွတ်ဆို အခမ်းအနားပိတ်သိမ်းခဲ့ကြသည်။

ဇင်ကိုကို(ပြန်/ဆက်)