သတင်းများ

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Feb 19,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့ နံနက် ၀၉:၀၀ နာရီအချိန်က ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
သထုံခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 19,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့၊ မြို့နယ်အမျိုးသမီးများအသင်း(Woman Club)နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
မအူပင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနား ကျင်းပ
Feb 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့်လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကို အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း မြတ်ပညာခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေး
Feb 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်၌ အသေးစားလက်တွန်းထွန်စက်လွှဲပြောင်းပေးအပ်
Feb 19,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်ခရီးစဉ်အတွင်း ကချင်ပြည်နယ်စက်မှု လယ်ယာဦးစီးဌာနမှ အသေးစားလက်တွန်းထွန်စက် (၁၂)စီးအား လွှဲပြောင်းပေးအပ်ခြင်းကို ဖေဖော်ဝါရီ (၁၇) ရက်နေ့တွင် ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စက်ဝယ်ယူသူ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး
Feb 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်မြို့နယ်အတွင်းရှိ၊ ရပ်ကွက်၊ ကျေးရွာနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စားသုံးဆီ အခက်အခဲ မရှိစေရေး အလှည့်ကြ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ကန်ရိုးဘုန်းတော်ကြီးကျောင်းတွင် (၃၈၇) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းလောင်းလှူ ပူဇော်
Feb 19,2024
တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ကန်ရိုးဘုန်းတော်ကြီးကျောင်း (ခ) ညောင်ပင်သာဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်သံဃာတော်များအား (၃၈၇) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် (၈) နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် KG အရွယ် ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား ဆုံဆို့ရောဂါနှင့် မေးခိုင်ရောဂါ နှစ်မျိုးစပ်ကာကွယ်ဆေးထိုးနှံပေး
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် အသက် (၅) နှစ်မှ (၇) နှစ်အရွယ် KG တန်းကျောင်းသား ကျောင်းသူကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှကြိုတင်ကာကွယ်နိုင်ရန်နှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဆုံဆို့ရောဂါနှင့် မေးခိုင်ရောဂါ နှစ်မျိုးစပ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။