မေတ္တာမြို့တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် (191)  စတေကာကပ်နှိပ်ခြင်းနှင့် မီး‌ဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မေတ္တာ  ဖေဖော်ဝါရီ  ၂၀

ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ နယ်မြေ မီးသတ်စခန်းမှ မီးသတ်တာဝန်ခံတပ်ကြပ်ကြီး ဦးထွန်းညီညီ‌အောင် ဦးဆောင်သောသန္ဓေတပ်ဖွဲ့ ဝင်များသည် ယနေ့နံနက် ၇ နာရီအချိန်က  မေတ္တာ-ထားဝယ်၊ ထီးခီးကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လက်ဘက်ရည်ဆိုင်များနှင့် လူစည်ကားရာနေရာများတွင်    (191) စတေကာကပ်နှိပ်ခြင်းနှင့် မီးဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းမှာ (၃) ကြိမ်မြောက်ဖြစ်ပြီး လက်ကမ်းစာစောင်တွင် မီးသတ်ဦးစီးဌာနသို့ အကူအညီ တောင်းခံလိုပါက  (191) နံပါတ် (၃)လုံးအား ရိုက်နှိပ်၍  ဖုန်းခေါ်ဆိုနိုင်ပါသည်၊ မီးဘေးနှင့်  သဘာဝ‌ဘေးအန္တရာယ်  ကြုံ‌တွေ့လျှင် ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊ မီးဘေးရှောင်မလောင်ခင်တား၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင်၊ လျှပ်စစ်ဓာတ်အားသုံးလျှင်၊ ဓာတ်ဆီဖြည့်လျှင်၊ ဓာတ်ဆီဖလှယ်လျှင်၊  မီးသားစုအားလုံး  အပြင်သွားမည်ဆိုလျှင် ဘုရားမီး၊ အမွှေးတိုင်ပူဇော်လျှင်၊ အထပ်မြင့်တိုက်များ မီးလောင်လျှင်၊ ဆေးလိပ်သောက်လျှင်၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် ဆောင်ရန်/ရှောင်ရန်များနှင့် မိမိနေအိမ်တွင် မီးဘေးအန္တရာယ် ကင်း‌ဝေးစေရန်   လိုက်နာဆောင်ရွက်ရမည့် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

အေးအေးချိုမေတ္တာ(ပြန်/ဆက်)