စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး

ကျောက်ဆည် ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်မြို့နယ်အတွင်းရှိ၊ ရပ်ကွက်၊ ကျေးရွာနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စားသုံးဆီ အခက်အခဲ မရှိစေရေး အလှည့်ကြ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စားအုန်းဆီများ ရောင်းချရာ၌ မိသားစုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ကျောက်ဆည်မြို့နယ်၌ ကျောက်ဆည်မြို့နယ်၌ အမေထွား၊ ဂျူးဂျူးနှင့် မီဇာန် စားသုံးဆီ လက်လီ/လက်ကား ရောင်းဝယ်ရေးဆိုင်မှ ပေါက်ပင်ကွေ့၊ အလယ်မြင်စိုင်း၊ ဆူးလေကုန်းကျေးရွာတွင် ဆီ ပိဿာချိန် (၆၆၀) ပိဿာကိုလည်းကောင်း၊ စဉ့်ကိုင်မြို့နယ်၌ အောင်စိုးမိုး စားသုံးဆီ လက်လီ/လက်ကား ရောင်းဝယ်ရေးဆိုင်မှ သိန္နီကုန်းကျေးရွာအုပ်စု၊ ပုဏ္ဏားကျေးရွာတွင် ဆီပိဿာချိန် (၂၂၀) ပိဿာ ကိုလည်းကောင်း၊ ပလိပ်မြို့နယ်၌ ကျော်ကျော်မင်း စားသုံးဆီ လက်လီ/လက်ကား ရောင်းဝယ်ရေးဆိုင်မှ ပလိပ်ကားဂိတ်တွင် ဆီပိဿာချိန် (၂၂၀) ကိုလည်းကောင်း၊ ကူမဲမြို့နယ်၌ ရှယ်လီဌေး၊ ငွေကလပ်၊ ရတနာဌေး စားသုံးဆီ လက်လီ/လက်ကား ရောင်းဝယ်ရေးဆိုင်မှ သီခေါင်၊ မြို့ကုန်း၊ ကတက်ကုန်း၊ မှက္ခရာ ကျေးရွာများတွင် ဆီပိဿာချိန် (၆၆၀) ပိဿာကို လည်းကောင်း အသီးသီး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် ကျောက်ဆည်ခရိုင်အတွင်းရှိ  ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ ကူမဲ၊ ပလိပ် မြို့နယ်များရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူများ၊ ဈေးများတွင် လာရောက်ဈေးဝယ်လာသည့် ပြည်သူများ ဆီဝယ်ယူရာ၌ အလွယ်တကူ ဝယ်ယူနိုင်ရေး မြို့နယ်များအလိုက် သတ်မှတ်နေရာများတွင် သတ်မှတ်နေ့ရက်၊ သတ်မှတ်အချိန်များနှင့် ရောင်းချပေးလျက်ရှိကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ 

သက်မောင်(ပြန်/ဆက်)