မအူပင် ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့်လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကို အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း မြတ်ပညာခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးနေမျိူးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ မဲပေးရာတွင်မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်းမဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များရရှိနိုင်ခြင်း၊ ကုန်ကျစရိတ် များလျော့ချနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်များကိုလျင်မြန်စွာ ကြေညာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း Power Point ဖြင့်ရှင်းလင်းပြောကြားသည်။ ၎င်းနောက် တက်ရောက် လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲ ပေးမှုအား လေ့လာခဲ့ကြသည်။
အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ် ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ၊ ပါတီကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများ (၇၃၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)