မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၉  

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့ နံနက် ၀၉:၀၀ နာရီအချိန်က ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဇော်၀င်းထွန်းက သင်တန်းဖွင့် မိန့်ခွန်းပြောကြားပြီးနောက် သင်တန်းတက်ရောက်မည့် အရန်မီးသတ်တပ်ဖွဲ့၀င်များနှင့် ပရဟိတအဖွဲ့၀င်တို့အား ၀တ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဌေး၀င်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဆန်းတို့က သင်တန်းတက်ရောက်ကြမည့် အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ပရဟိတ အဖွဲ့၀င်များအား ၀တ်စုံများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်၀င်းထွန်း၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဌေး၀င်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်မျိုးနိုင်နှင့် အဖွဲ့၀င်များ၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဆန်း၊ မီးသတ်တပ်ဖွဲ့ ၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရသည်။

ချမ်းမြေ့