သတင်းများ

ဒိုက်ဦးမြို့နယ် ဆာပါခြုံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ထုတ်ချေးခြင်း အခမ်းအနားကျင်းပ
Mar 19,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ဆာပါခြုံကျေးရွာ စာသင်ကျောင်းတွင် ယနေ့နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေထုတ်ချေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 19,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရေနံချောင်းမြို့မဈေးကြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကွန်ပျူတာသင်တန်းတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ ၀က်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် အသက် ၅ နှစ်အောက် ကလေးများ ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးမှုများ ဆက်လက်ကွင်းဆင်းဆောင်ရွက်
Mar 19,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်အောက် ကလေးများအား ၀က်သက်(ဂျိုက်သိုး)ရောဂါ ကာကွယ်ဆေးနှင့် အသက် ၅ နှစ်အောက် ကလေးများအား ပိုလီယိုရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံရှေးဦး သူနာပြုစုနည်း (မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 19,2024
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံရှေးဦး သူနာပြုစုနည်း (မွမ်းမံ) သင်တန်းကို မတ်လ (၁၅) ရက်နေ့မှ မတ်လ (၁၇) ရက်နေ့အထိ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ သုံးရက်ကြာဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက သင်တန်းဆင်းပွဲ အခမ်းအနားကို အဆိုပါရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 19,2024
နိုင်ငံ့တစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိကြရာ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြန့်) ရှိ သင်တန်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့၌ မျိုးစေ့ထုတ် (ပိုက်ဆန်လျှော်) စိုက်ပျိုးမှုအောင်မြင်
Mar 19,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် လက်ပံကျေရွာ၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ် (ပိုက်ဆန်လျှော်) လျာထားဧက ၁၅ ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။
ကျွန်းစုမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုများ၏ သတ်မှတ်မဲရုံအလိုက် ပြည့်စုံမှန်ကန်စွာ စာရင်း ထည့်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 19,2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်ဗဟိုကော်မတီမှပေးပို့လာသော လူဦးရေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်များစာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS Software)သို့ ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ သတ်မှတ်မဲရုံအလိုက် ပြည့်စုံမှန်ကန်စွာစာရင်းထည့်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့၊ အမှတ် (၂) ရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား ‌တန်းလျားတစ်ဆောင် မီးလောင်ဆုံရှုံး
Mar 19,2024
ကျောက်မဲမြို့၊ အမှတ် (၂) ရပ်ကွက် နယ်မြေ(၄)၊ သီရိမင်္ဂလာလမ်း၊ ဦးမျိုးဇော်ဇော်အောင် (ဘ) ဦးလှအောင် ၏ ပေ (၄၀) ပေ (၂၀)(ခန့်မှန်း)သွပ်မိုး၊ အုတ်ကာ နေအိမ်တန်းလျား (၂ ထပ်) ၌ ယနေ့ မွန်းလွဲ (၂) နာရီ၊ (၁၅) မိနစ်အချိန်ခန့်က စတင်မီးလောင်မှုဖြစ်ပွားခဲ့ရာ