သတင်းများ

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာအခြေခံသင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကျင်းပ
Feb 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံသင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
ကန့်ဘလူမြို့နယ်၌ ကျောင်းတွင်းစစ်စာမေးပွဲများ အေးချမ်းစွာဖြေဆိုပြီးစီး
Feb 19,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အခြေခံပညာ ကျောင်းများ၌ကျောင်းတွင်းစစ် မူလတန်း၊ အလယ်တန်းနှင့်အထက်တန်း ဆင့်စာမေးပွဲများကို ဖေဖော်ဝါရီ ၁၃ ရက်ကစတင် ဖြေဆိုခဲ့ရာ ယနေ့တွင် အေးချမ်းစွာဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 19,2024
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ ရန်ကုန်ဂေါက်ကွင်းတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အင်္ဂပူမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းဆောင်ရွက်
Feb 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း‌အဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မဲဆန္ဒရှင်ပြည်သူများကို မြန်မာအီလက်‌ထရောနစ် မဲပေးစက်ဖြင့် လက်တွေစမ်းသပ်‌မဲ‌ပေးခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
ချောက်မြို့နယ်ရှိ ​မြို့​ပေါ်ရပ်ကွက်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက၊ အမှတ် (၁၅) ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။ 
သာယာဝတီမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပုံပြောပြိုင်ပွဲကျင်းပ
Feb 19,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများပုံပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့​သည်။
အိမ်မဲမြို့နယ်တွင် ပဲနုတ်ခ တစ်မနက် (၅၀၀၀)ကျပ် ရရှိ၍ ပဲလိုက်နုတ်သူများအဆင်ပြေလျက်ရှိ
Feb 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပဲနုတ်သည့်ရာသီရောက်ရှိလာပြီ ဖြစ်သောကြောင့် ပဲစိုက်ပျိုးသည့် တောင်သူများက ပဲလိုက်နုတ်သည့်သူများအား တစ်မနက် (၅၀၀၀)ကျပ် ဖြင့် လိုက်လံ ငှားရမ်းဆောင်ရွက်လျက်ရှိကြသည်။
မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာ (၁၁၀၁)ဧက စိုက်ပျိုးပြီးစီး
Feb 19,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာကို စားသုံးဆီပိုမိုထုတ်လုပ်နိုင်ရေးအတွက် လျာထားစိုက်ဧကများပြည့်မီအောင် (၁၁၀၁)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။