ကျွန်းစုမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုများ၏ သတ်မှတ်မဲရုံအလိုက် ပြည့်စုံမှန်ကန်စွာ စာရင်း ထည့်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျွန်းစု မတ် ၁၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်ဗဟိုကော်မတီမှပေးပို့လာသော လူဦးရေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်များစာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS Software)သို့ ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ သတ်မှတ်မဲရုံအလိုက် ပြည့်စုံမှန်ကန်စွာစာရင်းထည့်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က မဲဆန္ဒရှင်စာရင်းပြည့်စုံ မှန်ကန်ရေးဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးသည် ရွေးကောက်ပွဲအတွက် အရေးကြီးဆုံးဖြစ်ပါ ကြောင်း၊ (၂၀၂၀)ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းများ မှားယွင်းမှုရှိခဲ့သည့်အတွက် ကော်မရှင်အနေဖြင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း မဲဆန္ဒရှင်စာရင်း  ပြည့်စုံမှန်ကန်ရေးကို အလေးထားသည့်အတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီများကိုဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ဖွဲ့စည်းပေးခဲ့ပြီး ဆောင်ရွက်စေခဲ့ကြောင်း၊ ယနေ့အစည်းအဝေးတွင် ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့အနေဖြင့် မဲစာရင်းပြုစုရာတွင် လိုအပ်သည့် အချက်အလက်များ အဆင်ပြေစေရေး ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ကျွန်းစုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိ ဒေါ်မို့မို့အေးက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီမှ ပေးပို့လာသော ကျွန်းစုမြို့နယ်၏ လူဦးရေစာရင်း (ပထမမူကြမ်း)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တနင်္သာ ရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းဦးက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုး​မြင့်နှင့် တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးဆောင်ရွက်ရာ၌  တွေ့ရှိရသည့် လိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၊   မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ပြန်/ဆက်)