တိုက်ကြီး မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်အောက် ကလေးများအား ၀က်သက်(ဂျိုက်သိုး)ရောဂါ ကာကွယ်ဆေးနှင့် အသက် ၅ နှစ်အောက် ကလေးများအား ပိုလီယိုရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက တိုက်ကြီးမြို့နယ် စျေးရပ်ကွက် သုခလမ်းရှိ ဟိန္နူဘုရားကျောင်တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဉီးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များပူးပေါင်း၍ ၀က်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အသက် ၁၅ နှစ်အောက် ကလေး (၂၁၀၂) ဦးအား ထိုးနှံပြီးစီးပြီး ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ အသက် ၅ နှစ်အောက်ကလေး (၅၇၉) ဦး တိုက်ကျွေးပြီးဖြစ်ကြောင်း သိရသည်။
တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အသက် ၁၅ နှစ်အောက် ကလေး (၄၆၉၉၃) ဦးအား ၀က်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အသက် ၅ နှစ်အောက် ကလေး (၁၃၉၀၃) ဦးတို့အား ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးပြီး ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)