ဒိုက်ဦး မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ဆာပါခြုံကျေးရွာ စာသင်ကျောင်းတွင် ယနေ့နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေထုတ်ချေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များက တက်ရောက်ကြပြီး မြစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေများအား အသင်းသား ၈၃ ဦးအတွက် ၄၁.၁ သန်း အားထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ယခုထုတ်ချေးသောငွေများမှရရှိသော အတိုးငွေများအား ကျေးရွာဖွံ့ဖြိုးတိုးတက်စေရန် ရွာလယ်လမ်းမကြီး ဂဝံခင်းခြင်း ငွေကျပ် ၁၁.၀သန်း သုံးစွဲပြီး ရေသန့်စက်စနစ်ကိုလည်း ကျေးရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြိုနယ်(ပြန်/ဆက်)