ကျိုက်မရော မတ် ၁၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် လက်ပံကျေရွာ၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ် (ပိုက်ဆန်လျှော်) လျာထားဧက ၁၅ ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။
ကျိုက်မရောမြို့နယ်အတွင်း ဆောင်းသီနှံစိုက်ပျိုးရာသီတွငိ မျိုးစေ့ထုတ်မြေသြဇာ (ပိုက်ဆံ လျှော်ကို) ကို လျားထားစိုက်ပျိုးပြီး ရာယခုအခါလျားထား ဧကထက်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ပိုက်ဆန်လျှော်အပါအဝင် ဆောင်းသီးနှံအားလုံးရာနှုန်းပြည့်စိုက်ပျိုးနိုင်ဖို့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဒေသခံတောင်သူတွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အခြားဆောင်းသီးနှံတွေကိုလည်း ဆက်လက်စိုက်ပျိုးနေပါတယ်ဟု ဦးလှမောင်က ပြောသည်။
အဆိုပါမျိုးစေ့ထုတ်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို စိုက်ပျိုးကြပြီး မြေသြဇာအဖြစ်အသုံးပြုသည့်အတွက် မြေဆီလွှာစွမ်းရည်နှင့် ဂုဏ်သတ္တိမြင့်မားစေခြင်း၊ မြေဆီလွှာပိုးလျော့ကျမှုလျော့စေခြင်း၊ ဓတ်မြေသြဇာများကြောင့် သဘာဝပါတ်ဝန်းကျင်ထိခိုက်မှု ကိုသက်သာစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း သိရသည်။ အဆိုပါမျိုးစေ့ထုတ် (ပိုက်ဆံလျှော်) မှ မျိုးစေ့ယူ၍ အများအပြားစိုက်ပျိုးနိုင်ရန် စမ်းသပ်စိုက်ပျိုးထားပြီးဖြစ်ရာ လာမည့်ဆောင်းရာသီ၌ ပိုက်ဆံလျှော်ပင်များ လျားထားဧကထက် ပိုမိုစိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မိချို