ကျောက်မဲ မတ် ၁၉
ကျောက်မဲမြို့၊ အမှတ် (၂) ရပ်ကွက် နယ်မြေ (၄)၊ သီရိမင်္ဂလာလမ်း၊ ဦးမျိုးဇော်ဇော်အောင် (ဘ) ဦးလှအောင် ၏ ပေ (၄၀) ပေ (၂၀)(ခန့်မှန်း)သွပ်မိုး၊ အုတ်ကာ နေအိမ်တန်းလျား (၂ ထပ်) ၌ ယနေ့ မွန်းလွဲ (၂) နာရီ၊ (၁၅) မိနစ်အချိန်ခန့်က စတင်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်ကား (၄) စီးနှင့် မီးသတ်ဝန်ထမ်းများ တာဝန်ရှိသူများနှင့် ပြည်သူများ၏ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲရာ မွန်းလွဲ (၂) နာရီ (၄၅) မိနစ်အချိန် မီးညွန့်ကျိုးခဲ့ကြောင်း၊ အဆိုပါ နေအိမ်တန်းလျား မီးလောင်ပျက်စီးခဲ့ပြီး အခြား လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကနဦးသတင်းပေးပို့အပ်ပါသည်။
မိုင်းထွန်း