မောင်တော ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ မောင်တောမြို့၌ ဝိမလရပ်ကွက်အတွင်းရှိ အသက်ခြောက်လအထက် ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စုရပ်နေရာတွင် လိုက်လံ၍ ဆက်လက်တိုက်ကျွေးပေးခဲ့ကြသည်။
ထိုသို့ ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းလုင်ငန်းများ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေး ဝန်ထမ်းများမှ ဝိမလရပ်ကွက်အတွင်းရှိ အသက်ခြောက်လအထက် တစ်နှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေ (အပြာ) တစ်သိန်းအား၊ အသက်တစ်နှစ်ငါးနှစ်အောက် ကလေးသူငယ်များကို ဗီတာမင်အေ(အနီ)နှစ်သိန်းအားနှင့် အသက် ၂ နှစ်အထက် ကလေးသူငယ်များအား သံချဆေးများကိုလည်း ရပ်ကွက်များရှိ သတ်မှတ်စုရပ်နေရာများတွင် တိုက်ကျွေးပေး လျက်ရှိသည်။
အဆိုပါ ဗီတာမင်နှင့် သံချဆေးတိုက်ကျွေးခြင်းတိုက်ကျွေးခြင်းများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ တိုက်ကျွေးခြင်းများကို ဆောင်ရွက်မည်ဖြစ်ပြီး ရပ်ကွက်များအနေဖြင့် ဟိန္ဒူရွာ၊ ရွာသစ်၊ ဗိုလ်မှူးရွာ၊ညောင်ပင်လှ၊ စံပြရွာ၊ အောင်မြေဗောဓိ၊ မြို့ဦးရွာနှင့် ဝိမလရပ်ကွက်တို့တွင် သတ်မှတ်နေ့ရက်များအလိုက် တိုက်ကျွေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)