ကျွန်းစုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကျွန်းစု ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရန်၊ မီးဘေးလုံခြုံရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်(၁၁)နာရီခွဲအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာနှင့် တာဝန်ရှိသူများက စာမေးပွဲကျင်းပဖြေဆိုမည့် အထက ကျွန်းစုကျောင်း၌ လျှပ်စစ်မီးအသုံးပြုမှု အခြေအနေများ၊ မီးဘေးကြိုတင်ကာကွယ်ရေးထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူးများ ထားရှိမှုများ၊ ရေရရှိမှုအခြေအနေများအား စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)