သတင်းများ

ဖျာပုံမြို့နယ်အတွင်း စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး ဆောင်ရွက်
Mar 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် စားသုံးဆီများအား သက်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည်​ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးကော့သောင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်အားအေးချမ်းစွာ ဆက်လက်ဖြေဆို
Mar 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ(၁၁) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရာ ယမန်နေ့တွင် ရူပဗေဒဘာသာရပ်ကို အ.ထ.က(၁)ကျောင်းစာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာနနှင့် အ.ထ.က(ခမောက်ကြီး)စာစစ်ဌာနတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ကျောင်းတွင်းဖြေနှင့် လွတ်ဖြေ( Grade.12) ကျောင်းသား/သူများ ဝင်ရောက်ဖြေဆိုလျက်‌ရှိ‌ကြောင်း သိရသည်။
စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်အတွင်း မွေးမြူရေးဇုန်အကောင်အထည်‌ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Mar 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဖြည့်စွက်ရန်ပုံငွေကျပ်သန်း (၄၂.၅၂)ဖြင့် ဖက်ရမ်းကျေးရွာအုပ်စု၊ ကျူကရိန်းကျေးရွာမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး
Mar 16,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို မတ် ၁၆ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။
တောင်ကုတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်များ အေးချမ်းစွာဆက်လက်ဖြေဆို
Mar 15,2024
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ရူပဗေဒနှင့်သမိုင်းဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူမှ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် အေးချမ်းစွာဖြေဆိုပြီးစီး
Mar 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို စာစစ်ဌာန(၃)ခုဖြစ်သည့် အမှတ်(၁)အ.ထ.က၊ အ.ထ.က(ပုပ္ပား) နှင့် အ.ထ.က (လက်ပန်ပျား) တို့တွင် ကျောင်းသား၊ ကျောင်းသူများအားလုံး အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်းသိရသည်။
မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ဆက်လက်ဖြေဆိုလျက်ရှိ
Mar 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခု၌ ပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ယနေ့နံနက် (၉) နာရီမှ စတင်၍ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာ နှင့်သမိုင်းဘာသာ ဆက်လက်ဖြေဆို
Mar 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာနှင့်သမိုင်းဘာသာ ယနေ့နံနက်ပိုင်းမှ အထက-ဘုတ်ပြင်း စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။