တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဥ်ကျေးမှုနယ်မြေတွင် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော်ပွဲကြီးကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဥ်ကျေးမှု နယ်မြေအတွင်းရှိ ရွှေရောင်တော်ဘုရားကြီးတွင် ရှင်အပါး(၅၀၀၀)ရှင်ပြု အလှူမင်္ဂလာပွဲကြီးကို လာမည့်ဧပြီလ ()ရက်နေ့မှ ()ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို သဲဖြူဆရာတော်ဘုရားကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ ရှင်ပြုအလှူမင်္ဂလာမဏ္ဍုပ်များ တည်ဆောက်နိုင်ရန် ကဏ္ဍအလိုက်ပစ္စည်းများ ရောက်ရှိသည့် စာရင်းကြသောင်း (၁၇၃၀၀)လုံး၊ မျှင်(၂၉၅၈၉)လုံး၊ ဝါးပိုး(၃၆၃)လုံး၊ မျောတိုင်(၆၅၄)လုံး၊ ထန်းလျက်(၂၆၉၉၉) လျက်၊ သောက်ရေအိုး (၅၀၀)လုံး၊ ထပ်သားပြား (၁၀၀၀)၊ ရှင်သာမနေလောင်းများအတွက် သပိတ်(၁၀၀၀)လုံးရောက်ရှိပြီး ကဏ္ဍအလိုက်လုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးဌာနထံမှ သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)