သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး အခမ်းအနားကျင်းပ

သရက် ဖေဖော်ဝါရီ ၂၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လူမှုဝန်ထမ်းဦးစီးဌာန၌ ကျင်းပရာ ကျောင်းသား/ ကျောင်းသူမိဘများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည်များ ပြောကြားရာမှာ ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်စေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံအဖြစ် ခိုင်စေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာတားဆီးကာကွယ်ပေးကြရန်နှင့် ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်ပေးကြရန်တို့ ပြောကြားပေးခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့ရည်က ကလေးသူငယ် ဘဝဘေးကင်းလုံခြုံရေး၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမား အဓိပ္ပါယ်တို့ကို ပြောကြားပေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)