လပွတ္တာ ဖေဖော်ဝါရီ ၂၉
နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုပြီး ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာသင်တန်း ကိုမတ်လ ၁ ရက်နေ့မှစ၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို နေ့စဉ်နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲထိ သုံလကြာပို့ချသွားမည်ဖြစ်ပြီး သင်တန်းနည်းပြဆရာ ဦးတင်မောင်ဦး(လက်ထောက်ညွှန်ကြားရေးမှူး) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံအင်္ဂလိပ်စာများကို ပြည့်စုံစွာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတွင် သင်တန်းသား/သူ ၃၀ ဦးသတ်မှတ်ထားပြီး တက်ရောက်လိုသူများအနေဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ဖုန်းနံပါတ် ၀၉၂၅၀၈၅၄၆၈၁ သို့လည်းကောင်း ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)