သတင်းများ

ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 29,2024
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး ခန်း၌ ကျင်းပရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း ကရင်ပြည်နယ်စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်းဆင်းပွဲသို့တက်ရောက်
Feb 29,2024
ကရင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကရင်ပြည်နယ်စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်းကို ဖေဖော်ဝါရီ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲကို ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ Perfect Hotel Hpa-an တွင် ယမန်နေ့မွန်းလွဲပိုင်းတွင်ကျင်းပခဲ့ရာ ကရင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဇော်ဝင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ သင်တန်းသားသူများ တက်ရောက်ကြသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မော်‌တော်ယာဉ်စစ်‌ဆေးခြင်းများအား စဉ်ဆက်မပျက်ဆောင်ရွက်
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် မော်‌တော်ယဉ်များစစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့နေပြီး ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်နေကြ
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ကုလားပဲသီးနှံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့နေကြကြောင်း သိရကာ ကုလားပဲသီးနှံပေါ်ချိန် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေး
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်တရားမြို့၌ လက်ဖက်ထုတ်ကုန်အဖွဲ့နှင့် ဒေသခံလက်ဖက်စိုက်တောင်သူများ တွေ့ဆုံပွဲ ကျင်းပ
Feb 29,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အတွင်း ဦးစားပေးဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်အမယ်များနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် (Work Plan)များအား ရေးဆွဲရန်အတွက် လက်ဖက်ထုတ်ကုန်အဖွဲ့၊ ဒေသခံလက်ဖက်စိုက်တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင်ကျင်းပသည်။
ဟားခါးတက္ကသိုလ်၌ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 29,2024
ဟားခါးတက္ကသိုလ်၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး အခမ်းအနားကျင်းပ
Feb 29,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လူမှုဝန်ထမ်းဦးစီးဌာန၌ ကျင်းပရာ ကျောင်းသား/ ကျောင်းသူမိဘများ တက်ရောက်ကြသည်။