ချောင်းသာကမ်းခြေ၌ လာရောက်အပမ်းဖြေလည်ပတ်သူများဖြင့်စည်ကား
Mar 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ချောင်းသာကမ်းခြေတွင် ယမန်နေ့ နံနက်ပိုင်းက အပမ်းဖြေလည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ အစိုးရ၊ ပုဂ္ဂလိက အများပြည်သူ အလုပ်ပိတ်ရက် မဟုတ်သော်လည်း ခရီးသွားဧည့်သည်များ ဝင်ရောက်မှုကြောင့် ဟိုတယ်၊ တည်းခိုခန်းများတွင် တည်းခိုသူ များပြားနေပြီး ကမ်းခြေတွင် အပမ်းဖြေသူ၊ ရေကူးသူများဖြင့် စည်ကားလျက်ရှိသည်။