စလင်း မတ် ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြောင်းဘောင်ကျေးရွာ နှစ်တန်းသွားမျောတိုင်းတန်း ကျောက်ဖြည့်ရေကာ ချောင်းတူးဖော်ခြင်းလုပ်ငန်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၄) မကွေးတိုင်းဒေသကြီးရုံး မကွေးမြို့မှ တာဝန်ယူတည်ဆောက်သည်လုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှု (၁၀၀)ရာခိုင်နှုန်း ပြီးစီးနေမှုအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် မြောင်းဘောင်ကျေးရွာ(Steel Basket) အခြေပြုမြေထိန်းနံရံ အလျား(၅၅၀)ပေ နှစ်တန်းသွားမျောတိုင်းတန်း ကျောက်ဖြည့်ရေကာ၊ အလျား(၆၀၀)ပေ၊ ချောင်းတူးဖော်ခြင်းလုပ်ငန်း (၁၈၀၀x၈၀x၁၀)ပေ၊ ဆောင်ရွက်ခြင်းကို ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးမှ တာဝန်ယူ၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၁၁)ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မြောင်းဘောင်ကျေးရွာသည် စလင်းချောင်း၏ နောက်ဖက်တွင်တည်ရှိပြီး ယခင်ကချောင်းရေတိုက်စား၍ လယ်ယာမြေများ ချောင်းရေတိုက်စားပြီး ပါရှိခဲ့သည့်အပြင် ကျေးရွာအားအန္တရာယ်ဖြစ်စေနိုင်၍ ချောင်းရေတိုက်စားမှုကာကွယ်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၄) မကွေးတိုင်းဒေသကြီးမှ တင်ဒါခေါ်ယူ၍ တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေကျပ် (၄၀၀.၀၀)သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့မှုပြီးစီးနေမှုကို မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြပြီး ယခုအခါကျောက်စီမြေထိန်းနံရံပြီးစီးသွား၍ ဒေသခံတောင်သူများနှင့် ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စိတ်အေးချမ်းသာစွာ လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)