သတင်းများ

ငပုတောမြို့နယ်တွင် ဆောင်းဆီထွက်သီးနှံ ဆောင်းနေကြာ Super Sun - 41 စံပြကွက် စံကွက်ရိတ်သိမ်းပွဲကျင်းပ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စု၌ ဆောင်းဆီထွက်သီးနှံနေကြာ စံပြကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနနက်ပိုင်းက ကွင်းအမှတ် (၁၃၈၃)၊ ဦးပိုင်အမှတ်(၁/၄)တောင်သူ ဒေါ်မြင့်မြင့်အေး၏ လယ်မြေ(၁၀.၀၀)ဧကတွင် ကျင်းပပြုလုပ်သည်။
ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲ ကျင်းပ
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)နှင့် ခရိုင်ရုံးရှိ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် နယ်မြေအေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် စက်​လှေများနှင့် ခရီးသည်တင်ရေယာဉ်များ စစ်ဆေးခြင်းအား စဉ်ဆက်မပြတ် ဆောင်ရွက်
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အကြမ်းဖက်သမားများ ဝင်ရောက်မှု မရှိစေရေး၊ နယ်မြေအေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီ အချိန်ခန့်တွင် လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလမ်းရှိ သင်္ဘောဆိပ်များ၌ ဆိုက်ကပ်ထားသောစက်လှေများ၊ ရေယာဥ်များရှိ ခရီးသည်များအား မှတ်ပုံတင်များ စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ
Mar 08,2024
နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း  ( ၂၅)  ဦးကို အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ရာ ယနေ့တွင် အခမ်းအနားမှူးအဖြစ် တာဝန်ယူတင်ဆက်ခြင်း ပြိုင်ပွဲကျင်းပ၍ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဟောပြော
Mar 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ၊  ပြည်သူ့ စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို၊ ယမန်နေ့ မွန်းလွဲ ၂နာရီ ၁၅ မိနစ်က  ဆည်ပေါက်ကျေးရွာအုပ်စု၊ ဆည်ပေါက်ကျေးရွာရှိ ဇေယျာသီရိဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ(၄၃၈)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 08,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၄၃၈)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ရမည်းသင်းမြို့၊ သီလဝခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Mar 08,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၌ ပြည်သူများ ပြည်သူ့စ်မှုထမ်းဥပဒေ အကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သီလဝခန်းမ၌ ကျင်းပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲအား တက်ရောက်အားပေး၊ Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ အားပေး
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာရှိ တောင်သူဦးရဲမြတ်အောင်၏ စိုက်ဧက(၁၀)ဧက၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံ ဆီထွက်သီးနှံ(နေကြာ) Super sun-41 နေကြာမျိုးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။