ရွှေသောင်ယံမြို့ အ.ထ.က. ရွှေသောင်ယံစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၃၅) ဦးဖြေဆိုမည်

ရွှေသောင်ယံ မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က-ရွှေသောင်ယံစာစစ်ဌာနတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကျောင်းသား၊ ကျောင်းသူ (၃၅) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း အ.ထ.က-ရွှေသောင်ယံ ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

ထို့ကြောင့် စာဖြေကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုစဉ်ကာလအတွင်း တစ်စုံတစ်ရာအခက်အခဲမရှိစေရန် ကျောင်းကော်မတီများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်ရေးအဖွဲ့များနှင့် ကျောင်းသားမိဘများနားနေရန် ကျောင်းပြင်ပတွင် နားနေဆောင်များဆောက်လုပ်ခြင်း၊ ကျောင်းတွင်း၊ ကျောင်းပြင်၊ အမှိုက်သရိုက်များကင်းရှင်းအောင်ဆောင်ရွက်ခြင်း၊ စာဖြေမည့်စာသင်ခန်းနှစ်ခန်းအား သန့်ရှင်းစေရေး၊ လျှပ်စစ်မီးများကောင်းမွန်မှုရှိစေရေး စစ်ဆေးပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရွှေသောင်ယံ (ပြန်/ဆက်)