ကျိုင်းတုံ မတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)နှင့် ခရိုင်ရုံးရှိ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးအောင်ဇင်မြင့်က “အသိပညာဖြင့် မြန်မာ့လူဘောင်အဖွဲ့အစည်းကို မောင်းနှင်စို့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ အကြီးတန်းစာရေး ဒေါ်ဝေမာလွင်က "ယုံကြည်မှုဖြင့်တည်ဆောက်ခြင်း"ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးဟောပြောကြရာ တက်ရောက်လာကြသည့် ဝန်ထမ်းများက ပြန်လည်ဆွေးနွေးမေးမြန်းကြပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးအေးမောင်နှင့် ခရိုင်ဦးစီးမှူး ဦးစိုးနိုင်တို့က ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ) တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဖေဖော်ဝါရီလ ပထမပတ်မှ စတင်၍ လစဉ် ကျင်းပဆောင်ရွက်သွားလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)