သတင်းများ

တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာအုပ် စာစောင်ပြပွဲကျင်းပ
Mar 08,2024
ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ငယ်စဉ်မှစ၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျော့ပါးရေးဆိုင်ရာ အကောင်အထည်ဖော်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျော့ပါးရေးဆိုင်ရာ အကောင်အထည်ဖော်မှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်
Mar 08,2024
မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တောင်တွင်းကြီးမြို့နယ် အဝေးပြေးယာဥ်ရပ်နားစခန်းအတွင်း ယာဥ်ကြီးကြပ်မှုကော်မတီရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မြောင်းမြမြို့နယ်၌ နေကြာစံကွက်ရိတ်သိမ်းပွဲကျင်းပ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ နေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၉:၀၀)နာရီအချိန်က ကံကြီးကျေးရွာ တောင်သူဦးမိုးဝင်း၏ လယ်ယာမြေတွင်ဆောင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် လူငယ်‌ရေးရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသ
Mar 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ယ‌မန်နေ့ ညနေ (၃) နာရီ အချိန်၌ နဝရတ်အားကစားရုံခန်းမတွင် နွေရာသီ အားကစားသင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူ၊ လူငယ်များအား လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
အောင်လံမြို့၌ အခြေခံစားသောက်ကုန်များကို အထူးသက်သာသောဈေးနှုန်းဖြင့် ပြည်သူများထံသို့ တိုက်ရိုက်ရောင်းချပေးလျက်ရှိ
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍ ပြည်သူများအဆင်ပြေစေရန် အခြေခံစားသောက်ကုန်နှင့် သားငါးများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက် ၇ နာရီက တရော်ကုန်းရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း စစ်ဆေးရေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး၊ မိသားစုဝင်ငွေ တိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာ သင်တန်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ဖျာပုံခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။