မဟာအောင်မြေ မတ် ၈
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၄၃၈)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူအတွင်း ဖြေဆိုသူ ကျား(၁၁၄)ဦး၊ မ(၁၃၆)ဦး စုစုပေါင်း(၂၅၀)ဦး၊ ပြင်ပဖြေဆိုသူ ကျား(၇၃)ဦး၊ မ(၁၁၅)ဦး စုစုပေါင်း(၁၈၈) ဦး အတွင်းအပြင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၄၃၈)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်သည်။
မဟာအောင်မြေမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၃) ကျောင်းရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မဟာအောင်မြေ မြို့နယ်အနေဖြင့် စာစစ်ဌာနတစ်ခုတည်းသာ ဖွင့်လှစ်ထားရှိပြီး အ.ထ.က (၁၃) ကျောင်းတွင်သာ ဖြေဆိုရမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဇော်မင်း