ငပုတောမြို့နယ်တွင် ဆောင်းဆီထွက်သီးနှံ ဆောင်းနေကြာ Super Sun - 41 စံပြကွက် စံကွက်ရိတ်သိမ်းပွဲကျင်းပ

ငပုတော မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စု၌ ဆောင်းဆီထွက်သီးနှံနေကြာ စံပြကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနနက်ပိုင်းက ကွင်းအမှတ် (၁၃၈၃)၊ ဦးပိုင်အမှတ်(၁/၄)တောင်သူ ဒေါ်မြင့်မြင့်အေး၏ လယ်မြေ(၁၀.၀၀)ဧကတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ဆောင်းဆီထွက်သီးနှံ (နေကြာ) (Super Sun -41)စံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးသန်းဦး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမျိူးသန့်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး ဆီထွက်သီးနှံဆောင်းနေကြာ စံပြကွက်အားရိတ်သိမ်းရာ တစ်ဧကလျှင် အစိုတင်း(၃၈.၇၅)တင်း အခြောက်ထွက်(၃၄.၈၈)တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

အောင်သူ( ပြန်/ဆက်)