ကျောက်ပန်းတောင်း မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ၊ ပြည်သူ့ စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို၊ ယမန်နေ့ မွန်းလွဲ ၂နာရီ ၁၅ မိနစ်က ဆည်ပေါက်ကျေးရွာအုပ်စု၊ ဆည်ပေါက်ကျေးရွာရှိ ဇေယျာသီရိဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားမစတင်မီ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လမ်းပြကြယ် လက်ကမ်းစာစောင်ငယ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဒေသခံပြည်သူများထံ ဖြန့်ဝေပေးကြပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ မြို့နယ်စီမံအဖွဲ့အတွင်းရေးမှူး ရဲမှူး စိုးအောင်က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများကို ဟောပြောဆွေးနွေးပြီး၊ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ မေးမြန်းမှုများအပေါ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနောင်ထွန်းနီနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဆည်ပေါက်ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး/ဆယ်အိမ်မှူးနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၆၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)