မြောင်းမြမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

မြောင်းမြ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်းဆေးကုသမှုများအား ယမန်နေ့နံနက်ပိုင်းက ရေကျော်ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆေးကုမှုသများအား ကျန်းမာဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ  အနီးကပ်ကြီးကြပ်ပံ့ပိုးမှုဖြင့် မြောင်းမြပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းသိုက်မှဦးဆောင်၍ အထွေထွေရောဂါကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်နှင့် နှား/နှားခေါင်း/လည်ချောင်း အထူးကုဆရာဝန်တို့ပါဝင်သည့် အထူးကုသရေးအဖွဲ့သည် ရေကျော်ကျေးလက်ကျန်းမာရေးဌာနနှင့် ဆက်စပ်နယ်မြေများမှ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးကုသမှုအစီအစဉ်တွင် အထွေထွေရောဂါလူနာ(၂၀) ဦး၊ ခွဲစိတ်ရောဂါလူနာ (၁၆)ဦး၊ သားဖွားမီးယက်လူနာ (၂၅)ဦး၊ ကလေးရောဂါလူနာ (၆၂)ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာ (၁၆၀)ဦး၊ မျက်စိလူနာ (၇၀)ဦး၊ နား၊ နှားခေါင်းလည်ချောင်းလူနာ (၂၂)ဦး၊ အရေပြားဆိုင်ရာလူနာ(၂၀)ဦး၊ သွားဘက်ဆိုင်ရာလူနာ(၅၄)ဦးနှင့် ကိုယ်အင်္ဂါလူနာပြန်လည်သန်စွမ်းရေးလူနာ (၂၆) ဦးတို့ကို ကြည့်ရှုကုသပေးခဲ့ပြီး၊ လူနာ (၂၁)ဦးအား ပြည်သူ့ဆေးရုံကြီး၌ ဆက်လက်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)