မြစ်ကြီးနား ဇွန် ၂၂
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ် ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ အေးချမ်းစွာ ကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန် ၂၁ ရက်နေ့တွင် စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်များ စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ စာမေးပွဲဖြေဆို လျက်ရှိသော ကျောင်းသား/ ကျောင်း သူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ သွားရောက် ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ စာမေးပွဲဖြေဆိုရန်လာရောက်ကြသည့် ကျောင်း သား/ ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချစွာ လာရောက်နိုင်ရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ကျ ဆရာ/ ဆရာမ များက ကြီးကြပ်ကူညီဆောင်ရွက်ပေးနေမှုနှင့် ကျောင်းစာသင်ခန်းများအတွင်း ဘာသာရပ် အလိုက် အေးချမ်းစွာ ဖြေဆိုလျက်ရှိသည့် အခြေအနေများ၊ ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာ၊ ဆရာမ များနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စနစ်တကျ စုဖွဲ့ထားသော အဖွဲ့အစည်းများ အား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြစ်ကြီးနားလူထုအခြေပြုဗဟိုဌာန၊ Community Centre(မြစ်ကြီးနား)၌ ကျင်းပပြု လုပ်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော စာစီစာကုံး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ များတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ အခမ်းအနားတွင် မူးယစ် ဆေးဝါးနှင့် ပတ်သက်ပြီး လူငယ်များ၏ အခန်းကဏ္ဍ အရေးကြီးကြောင်း ပိုမိုသိရှိလာမည်ဖြစ်ပါ ကြောင်း၊ထို့အပြင် အနာဂတ်လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး ရှောင်ရှားလာ နိုင်စေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကင်းစင်ရေးကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ပြီး ကြိုတင် ကာကွယ်တားဆီးရေးကို ထိရောက်စွာဆောင်ရွက်နိုင်မှသာ အနာဂတ် လူငယ်များ၏ ဘဝ စိတ်ချ ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက စွမ်းအားစု များဖြစ်ကြသည့် လူငယ်များအား ဗလငါးတန်ဖြင့် ပြည့်စုံစေရေး၊ ယခုကဲ့သို့ ကောင်းမွန်သော အလေ့အကျင့်စရိုက်များကို အနာဂတ်မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းကြရန် မိမိတို့အားလုံး က အလေးအနက်ထားကြိုးစားဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အခြေခံပညာ အထက်တန်းအဆင့် ကျပန်းစကားပြော၊ စာစီစာကုံး နှင့်ပန်းချီပြိုင်ပွဲများ၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြော ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိ ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ နှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရကျောင်းသူလေးများက ပြန်လည်သရုပ်ပြ ပြောဆိုခြင်းများကို အားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Community Centre ဒုတိယ ထပ်ရှိ ပြည်သူ့စာကြည့်တိုက်အတွင်း သုတ/ ရသစာအုပ်စာစောင်များ စင်ဖွင့်စနစ်ဖြင့် စာငှားဝန် ဆောင်မှုများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စာကြည့်တိုက်အတွင်း နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသူများအား စာဖတ်ဝိုင်းကျင်း ပပြုလုပ်နေမှုများကို လည်းကောင်း၊ မြေညီထပ်ရှိ ကလေးစာဖတ်ခန်းအတွင်း မူလတန်းအဆင့် ကလေးငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုများကို လည်းကောင်း၊ Commu- nity Centre ရှေ့၌ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ်နှင့် စပ်လျဉ်း၍ လူထုအသိပညာပေး ဓာတ်ပုံပြခန်းတို့အား လည်းကောင်း လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် မွန်းလွဲပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝိုင်းမော် မြို့နယ်အတွင်းရှိ Grade-12 ကျောင်းသား/ ကျောင်းသူများအတွက် စာစစ်ဌာနဖွင့်လှစ်၍ စစ်ဆေး ကျင်းပလျက်ရှိသော အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲ နောက် ဆုံးနေ့အား အေးချမ်းစွာ ဖြေဆိုပြီး ပြန်လည်ထွက်ခွာလာသော ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြပြီး အာဟာရဖြစ် မုန့်နှင့် အချိုရည်ဘူးများကို ဝေငှကျွေးမွေး ခဲ့ကြကာ ကျောင်းသား / ကျောင်းသူများနှင့် ကျောင်းသားမိဘများအား နှုတ်ဆက်အားပေးခဲ့ကြ သည်။
ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ် (၁၂) မြို့နယ်တွင် စာစစ်ဌာန (၂၂)ခုဖွင့်လှစ်၍ စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၈၆၉၆)ဦး ရှိ သည့်အနက် ယနေ့ စာမေးပွဲနောက်ဆုံးနေ့တွင် ဇီဝဗေဒဘာသာရပ်တွင် (၂၄၃၉)ဦးနှင့် သမိုင်း ဘာသာရပ်တွင် ဖြေဆိုသူဦးရေ (၆၁၄၃)ဦးဖြင့် စုစုပေါင်းဖြေဆိုသူဦးရေ (၈၅၈၂)ဦး ဖြေဆိုလျက်ရှိ ပြီး စာမေးပွဲဖြေဆိုစဉ် ကာလအတွင်း စာစစ်ဌာနအသီးသီး၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရေး တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ ရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အတူ ယနေ့ နံနက် (၇)နာရီခွဲကလည်း ကချင်ပြည်နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ ကျေးရွာသစ်လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး နှင့် အရိပ်ရလေကာတန်းဖြစ်စေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ဆဋ္ဌမအကြိမ် ပြည်နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မော်ဖောင်းကျေးရွာနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း များနှင့်အတူ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း အပါ အဝင် ဌာနဆိုင်ရာရုံးမြေနေရာနှင့် ကျေးရွာကွက်သစ်မြေနေရာ ပတ်လမ်းတစ်လျှောက် လမ်းဘေး ဝဲ/ယာတို့ရှိ သတ်မှတ်နေရာအသီးသီးတွင် အရိပ်ရအပင်ကြီးများဖြစ်သည့် မန်ဂျန်ရှားပင် (၂၅၀)၊ ပျဉ်းကတိုး (၂၅၀)ပင် စုစုပေါင်းပျိုးပင် (၅၀၀)တို့ကို တစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်စိုက်ပျိုးပေးကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို (၈)ကြိမ်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ် သည့်အပြင် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူလူထု၊ ဌာနဆိုင်ရာနှင့် တပ်ရင်းတပ်ဖွဲ့ များသို့ ဖြန့်ဝေစိုက်ပျိုးခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ပျိုးပင်ပေါင်း (၂၅၃၆၆)ပင် ဖြန့်ဝေ စိုက်ပျိုးနိုင်ခဲ့ပြီး၊ ထို့အပြင် ပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေးအတွက် မည်သူမဆို သစ်ပင်များ စိုက်ပျိုးရန် ဆက်သွယ်လာပါက အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်