ရန်ကုန် ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ သုတေသနကော်မတီမှ ကျင်းပပြုလုပ် သော“လူငယ်နှင့်သုတေသန စကားဝိုင်းဆွေးနွေးပွဲ”ကို ယနေနံနက်ပိုင်းက ရန်ကုန်မြို့သာကေတ မြို့နယ်ရှိရန်ကုန်တိုင်း ဒေသကြီးလူငယ်စင်တာ၌ ကျင်းပပြု လုပ်ခဲ့သည်။ ရှေးဦးစွာ“လူငယ်နှင့်သုတေသန စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် သုတေသနကော်မတီဝင်များ နှင့်မိတ်ဆက်ပြီးရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ် ရေးရာအထောက် အကူပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။
ယင်းနောက်နည်းပညာအသုံးပြု သုတေသန မေးခွန်းများဖြေကြားခြင်းကိုဆောင်ရွက်ကြပြီးရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ သုတေသနကော်မတီမှ ဦးထွန်းအုပ်စိုး ကဦးဆောင်ပြီး Dr. နိုင်လင်းထွန်း(Medical Officer Shan Yoyar)၊Dr.ညီထွန်းစံ(Director of Strategic Partnerships and Public Reltions. Apollo Global Education၊Dr. သန့်ဇင်ထွန်း (Founder of NSNS institute တို့ကလူငယ်နှင့်သုတေသန” စကားဝိုင်းကိုဆွေးနွေး ခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသူများက စကားဝိုင်းဆွေးနွေးပွဲ အပေါ်သုံးသပ်အကဲဖြတ် တုန့်ပြန်မှုပေးခြင်းများ ဆောက်ရွက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာအထောက်အကူ ပြုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်သီတာခိုင်က ရေနှင့်ရေသုံးစွဲပုံအကြောင်း အသိပညာပေးပြောကြားခဲ့သည်။
အခမ်းအနားသို့တိုင်းဒေသကြီး /ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်များ မှကျောင်းသား၊ ကျောင်းသူများ၊လူမှုရေးအသင်းအဖွဲ့များမှအသင်းသူ၊ အသင်းသားများ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)