စလင်းမြို့နယ်တွင်ကျန်းမာရေးချို့တဲ့သူဝေဒနာရှင်များအား ဇွန်လဒုတိယပတ်(အခမဲ့) ဒို့မေတ္တဆေးခန်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေး

စလင်း  ဇွန်  ၂၂

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့  ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း  ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုးကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ယမန်နေ့နံနက်ပိုင်းမှစတင်ကာ နေ့လည်(၁)နာရီအချိန်အထိ ရပ်ဝေးရပ်နီးမှရဟန်းရှင်လူ  ပြည်သူများအား  ဇွန်လဒုတိယပတ် ဆေးကုသပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးချို့တဲ့သူဝေဒနာရှင်ရဟန်းရှင်လူပြည်သူများအား ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး နာရေးကူညီမှုအသင်းမှ စေတနာဆရာဝန်(၄)ဦး  တိုင်းရင်းဆေးဆရာ(၁)ဦး ဆေးဝါးကျွမ်းကျင်စေတနာရှင်(၃၅)ဦးတို့ဖြင့်စုပေါင်း၍ ကျန်းမာရေးချို့တဲ့သူဝေဒနာရှင်များအားဆေးကုသခြင်းကို ရောဂါဝေဒနာအားစမ်းသတ်စစ်ဆေး၍ စားဆေးသောက်ဆေးများပေးဝေ၍   အခမဲ့ကုသပေးလျက်ရှိရာ ကျန်းမာရေးချို့တဲ့သူ (၃၁၆)ကျော်အား စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း  သိရသည်။

အဆိုပါဆေးခန်းအား စတင်တည်ထောင်သည့်နေ့မှစ၍ လစဥ်/နှစ်စဥ်ပြည်သူများ၏  ထည့်ဝင်လှူဒါန်းလျက်ရှိရာ  ယနေ့ဇွန်လ(၂၂)ရက်နေ့အထိ  ပြည်သူထည့်ဝင်လှူဒါန်းမှုများဖြင့်  ကုသပေးခဲ့ကြောင်း ဒို့မေတ္တာ(အခမဲ့)ဆေးခန်းမှ သိရသည်။

မောင်လွင်(စလင်း)