သတင်းများ

တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12)စတုတ္ထနေ့၌ ဓာတုဗေဒဘာသာရပ်တွင်(၆၀၈)ဦး ၊  ပထဝီဝင်ဘာသာရပ်တွင်(၅၃)ဦး ဖြေဆို
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ်တက္ကသိုလ်ဝင်တန်း Grade – 12  စတုတ္ထနေ့၌ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်ကစတင်၍ တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။ 
အိမ်မဲမြို့နယ် အ.လ.က ထိန်ငူကျောင်းတွင် လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ
Jun 19,2025
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ထိန်ငူကျေးရွာ အ.လ.က ထိန်ငူကျောင်း၌ ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ်တွင် သံပုရာသီးများလှိုင်လှိုင်ထွက်ရှိ
Jun 19,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်များကို   အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  သံပုရာသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုမိုးတွင်းအချိန်တွင်  သံပုရာသီးများ  လှိုင်လှိုင်ထွက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမတွင် ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာ ရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရေးဆွဲနည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
 ကျွန်းစုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲ ကျင်းပ
Jun 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
လိပ်သိုဒေသ၌ ပေါ်ဉီးပေါ်ဖျား တညင်းသီးများ ဈေးကောင်းရရန်မျှော်လင့်
Jun 19,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ကော်ဖီ၊ ရော်ဘာ၊ ဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် တညင်းပင်များကို တစ်နိုင်တစ်ပိုင်စီးပွားရေးအတွက် စိုက်ပျိုးကြပြီး ယခုဇွန်လဆန်းပိုင်းတွင် ပေါ်ဦးပေါ်ဖျား စတင်ဆွတ်ခူးချိန်၌ ဈေးကောင်းပိုမိုရရှိလာရန် တညင်းစိုက်တောင်သူများ မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။
အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်ရှိ မြေငလျင်ဒဏ်ကြောင့် ပြိုကျလုဆဲ Win Star Hotel အဆောက်အဦ ဖြိုချရှင်းလင်းနေမှုအား ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် ကြည့်ရှုစစ်ဆေး
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့်  ထိခိုက်ပျက်စီးခဲ့သည့် Win Star Hotel အဆောက်အဦ ဖြိုချရှင်းလင်းနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင်ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။