အိမ်မဲမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

အိမ်မဲ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမတွင် ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာ ရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရေးဆွဲနည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက အဖွင့်အမှာစကားများကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒေါက်တာသန်းဌေးက အမှာစကားများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း အသီးသီးအကျယ်တဝင့် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကိုဇွန်လ(၁၈)ရက်နေ့မှ(၂၂)ရက်နေ့ထိ (၅)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင်ကျေးရွာ(၂)ရွာမှ သင်တန်းသားများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်