သတင်းများ

ပြင်ဦးလွင်မြို့နယ်၌ ပြန်လည်ကျင်းပသည့် ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီ၀င်ဘာသာရပ်အား ဆက်လက်ဖြေဆို
Jun 19,2025
ပြင်ဦးလွင်မြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ  ၁၆ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထ၀ီ၀င်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ဗွီဒီယိုတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်သင်ကြား
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူးရျ် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်းကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၌  ဇွန်လ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင်   ဖွင့်လှစ်သင်ကြားခဲ့သည်။
ကလောမြို့နယ်၊ ကြေးကုန်းကျေးရွာအခြေခံပညာမူလတန်း(လွန်)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်ရေးရာအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 19,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက လွယ်အံကျေးရွာအုပ်စု၊‌ ကြေးကုန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ၂၀၂၅ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်
Jun 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်က အခြေခံပညာမူလတန်းကျောင်း(နမ့်ငေါ့)၌ ဆောင်ရွက်ခဲ့သည်။
ပင်လုံမြို့၌ ၂၀၂၅ မိုးရာသီသစ်ပင်များ စိုက်ပျိုးနိုင်ရေး ပျိုးပင်များ(၃၅၅၁၀)ပျိုးထောင်ထားရှိ
Jun 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မိုးရာသီတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် အပူချိန်များ လျော့နည်းစေနိုင်ရေးအတွက် ပျိုးပင်ပေါင်း(၃၅၅၁၀)ပင်ကို ဖြန့်ဝေပေးနိုင်ရေးအတွက် ပျိုးထောင်ထားရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့၊ မြို့မစျေး၌ စွန့်ပစ်အမှိုက် ခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲဆောင်ရွက်
Jun 19,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ စွန့်ပစ်အမှိုက်များခွဲခြားစွန့်ပစ်နိုင်စေရေးအတွက် စျေးသူ၊စျေးသားများအား အသိပညာပေးသရုပ်ပြပွဲကို လှိုင်းဘွဲမြို့၊ မြို့မစျေးအတွင်း၌ ယနေ့နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် အေးချမ်းစွာဖြေဆို
Jun 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်)  ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်ကို ယနေ့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ (၉၆)ရာခိုင်နှုန်းကျော်ဖြေဆို
Jun 19,2025
မန္တလေးငလျင်ကြီးကြောင့် စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုလျက်ရှိရာ ဇွန်လ  ယနေ့နံနက်ပိုင်းတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ (၉၆)ရာခိုင်နှုန်းကျော် ဖြေဆိုကြောင်း စစ်ကိုင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။