မဟာအောင်မြေမြို့နယ်ရှိ မြေငလျင်ဒဏ်ကြောင့် ပြိုကျလုဆဲ Win Star Hotel အဆောက်အဦ ဖြိုချရှင်းလင်းနေမှုအား ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် ကြည့်ရှုစစ်ဆေး

မဟာအောင်မြေ ဇွန်၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့်  ထိခိုက်ပျက်စီးခဲ့သည့် Win Star Hotel အဆောက်အဦ ဖြိုချရှင်းလင်းနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင်ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၄၁ လမ်း၊ ၈၃/၈၄လမ်းကြားရှိ မြေငလျင်ဒဏ်ကြောင့်ပြိုကျလုဆဲ Win Star Hotel အဆောက်အဦအား မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူး ဦးမျိုးဇော်၀င်း၊ ဒုမြို့နယ်ဦးစီးမှူး ဦးမင်းနိုင်နှင့် စည်ပင်၀န်ထမ်း(၂၀)ဦး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မြေကော်စက်(၁)စီးနှင့်အတူ အ‌န္တရာယ်ရှိအဆောက်အဦးဖြိုချရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိရာဆောင်ရွက်နေသည့်နေရာသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ တသက(၁၂)ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်၊ မဟာအောင်‌မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဆွေလွင်အောင်တို့ရောက်ရှိခဲ့ပြီးအန္တရာယ်ရှိ အဆောက်အဦဖြိုချမှုနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း