တံတားဦး ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ်တက္ကသိုလ်ဝင်တန်း Grade – 12 စတုတ္ထနေ့၌ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်ကစတင်၍ တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12) တွင် တံတားဦးမြို့နယ်အနေဖြင့် အ-ထ-က-တံတားဦး စာစစ်ဌာနတွင် ဓာတုဗေဒဘာသာရပ်၌ ဖြေဆိုရန် ကျောင်းသား (၂၁၆)ဦး၊ ကျောင်းသူ(၂၂၉)ဦး စုစုပေါင်း (၄၄၅)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါစာ စစ်ဌာနတွင် ကျောင်းသား(၂၁၆) ဦး၊ ကျောင်းသူ (၂၂၉)ဦး စုစုပေါင်း(၄၄၁)ဦး၊ ချောင်းခွစာစစ်ဌာနတွင် ကျောင်းသား (၅၉)ဦး၊ ကျောင်းသူ(၁၀၈)ဦး စုစုပေါင်း (၁၆၇)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါ စာစစ်ဌာနတွင် ကျောင်းသား(၅၉) ဦး၊ ကျောင်းသူ (၁၀၈)ဦး စုစုပေါင်း(၁၆၇)ဦး ဒါ့အပြင် အ-ထ-က-တံတားဦးစာစစ်ဌာနတွင် ပထဝီဝင်ဘာသာရပ်၌ ဖြေဆိုရန်ကျောင်းသား (၁၅)ဦး၊ ကျောင်းသူ(၉)ဦး စုစုပေါင်း (၂၄)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၁၄) ဦး၊ ကျောင်းသူ (၉)ဦး စုစုပေါင်း(၂၃)ဦး၊ ချောင်းခွစာစစ်ဌာနတွင် ကျောင်းသား (၉)ဦး၊ ကျောင်းသူ(၂၁)ဦး စုစုပေါင်း (၃၀)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၉) ဦး၊ ကျောင်းသူ (၂၁)ဦး စုစုပေါင်း(၃၀)ဦး လာရောက်ဖြေဆိုလျက်ရှိလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ရဲတင့်( ပြန်/ဆက်)